ပင်စင်အကျိုးခံစားခွင့်ရရှိရန်လိုအပ်သည့်အခြေခံအချက်များ
၃။
ပင်စင်အကျိုးခံစားခွင့်ရရှိရန်အလို့ငှာ
အောက်ပါအခြေခံအချက်များနှင့်ညီညွတ်ရန် လိုအပ်ပါသည် -
(က) နိုင်ငံတော်၏ ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်း။
( ခ ) ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့်ရာထူးတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ခြင်း။
( ဂ ) တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှကျခံခြင်း (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၂၃၂)

ပင်စင်အကျိုးခံစားခွင့်များ
၎။
ဝန်ထမ်းများခံစားခွင့်ရှိသော ပင်စင်အမျိုးအစားများကို အောက်ပါအတိုင်း
သတ်မှတ်သည် -
(က) သက်ပြည့်ပင်စင်
( ခ ) နှစ်ပြည့်ပင်စင်
( ဂ ) နာမကျန်းပင်စင်
(ဃ) လျော်ကြေးပင်စင်
( င ) အထူးပင်စင်
- ဒဏ်ရာအနာတရပင်စင်
- အထူးမိသားစုပင်စင်
- ကလေးများပင်စင်
( စ ) မိသားစုပင်စင်
(ဆ ) လျှော့ပေါ့ပင်စင်
(က) သက်ပြည့်ပင်စင်
( ခ ) နှစ်ပြည့်ပင်စင်
( ဂ ) နာမကျန်းပင်စင်
(ဃ) လျော်ကြေးပင်စင်
( င ) အထူးပင်စင်
- ဒဏ်ရာအနာတရပင်စင်
- အထူးမိသားစုပင်စင်
- ကလေးများပင်စင်
( စ ) မိသားစုပင်စင်
(ဆ ) လျှော့ပေါ့ပင်စင်
၅။
ပင်စင်အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) သက်ပြည့်ပင်စင်
တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည် ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ
သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၃၃ (က))
( ခ ) နှစ်ပြည့်ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည်လုပ်သက် နှစ် ၃၀ ပြည့်လျှင် နှစ်ပြည့် ပင်စင်ခံစားခွင့်ရှိသည်။
(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၃၃ (ခ))
( ဂ ) နာမကျန်းပင်စင်
လုပ်သက် ၁၀နှစ်နှင့်အထက်ရှိသည့်ဝန်ထမ်းသည် မကျန်းမာ၍တာဝန်ကိုဆက်လက် မထမ်းဆောင်နိုင်သည့်အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့်နာမကျန်းပင်စင်ခံစားခွင့်ရှိသည်။ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၃၃ (ဂ))
(ဃ) လျော်ကြေးပင်စင်
ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ယင်းရာထူး၌ခန့်ထားသည့်ဝန်ထမ်းကို အခြားရာထူးတခုသို့ ပြောင်းရွှေ့နေရာ ချထားခြင်း မပြုနိုင်လျှင်သော်လည်း၊ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်ဆန္ဒမပြုလျှင်သော်လည်းကောင်း လျော်ကြေးပင်စင် ခံစားခွင့်ပြုရမည်။( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပေဒေ- ၂၃၃ (ဃ))
( င ) အထူးပင်စင်
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင် ဖြစ်စေ ၊ ထိခိုက်အနာတရဖြစ်သည့် အခါတွင် ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် အထူးပင်စင် ခံစားခွင့် ရှိသည်။ ( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပေဒေ - ၂၃၃ (င))
ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
- ဒဏ်ရာအနာတရပင်စင်
ဝန်ထမ်းတစ်ဦးသည် တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ခြင်း ကို အကြောင်းပြု၍ ဖြစ်စေ၊ရာထူးတာဝန်ကို အကြောင်းပြု၍ ဖြစ်စေ၊ တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့်ဒဏ်ရာရခြင်း၊မတော်တဆမှုကြောင့် ဒဏ်ရာရခြင်း(သို့မဟုတ် ) ရောဂါရခြင်းဖြစ်ပါက ဒဏ်ရာအနာတရပင်စင် ခွင့်ပြုနိုင်ပါ သည်။ ဝန်ထမ်းကွယ်လွန်ပါက မိသားစုပင်စင်ခွင့်မပြုရပါ။
- အထူးမိသားစုပင်စင် ဝန်ထမ်းတစ်ဦးသည်တာဝန်ထမ်းဆောင်ခြင်းကြောင့်ဖြစ်စေ၊ရာထူးတာဝန်အရ ဖြစ်စေ၊တစ်စုံတစ်ယောက်လက်ချက်ကြောင့်(သို့မဟုတ်)မတော်တဆမှုကြောင့် (သို့မဟုတ်)ရောဂါရရှိမှုကြောင့် သေဆုံးပါက ကျန်ရစ်သူ ဇနီး ၊ ခင်ပွန်း ၊ သားသမီးများအား အထူးမိသားစုပင်စင် ခွင့်ပြုပါသည်။
- ကလေးများပင်စင်
အထက်အပိုဒ်ပါ ဖော်ပြချက်အတိုင်း ဝန်ထမ်းကွယ်လွန်ခဲ့ပါကကျန်ရစ်သူသား/သမီးများအားအထူးပင်စင်နည်းဥပဒေပါသတ်မှတ်နှုန်းထားအတိုင်းကလေးများပင်စင် ခွင့်ပြုပါသည်။သားဖြစ်ပါကအသက်(၁၈)နှစ်အထိ၊သမီးဖြစ်ပါကအသက် ( ၂၁)နှစ်အထိ ခွင့်ပြုရပါမည်။
( စ ) မိသားစုပင်စင်
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်နေဆဲတွင်ဖြစ်စေ၊အငြိမ်းစားယူပြီးနောက်မှဖြစ်စေကွယ်လွန်ခဲ့လျှင်ကျန်ရစ်သူမိသားစုအတွက်မိသားစုပင်စင်ကိုသတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်။ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေများ - ၂၃၃ (စ))
( ဆ ) လျှော့ပေါ့ပင်စင်
အသက်၅၅ နှစ်ပြည့်ပြီးဖြစ်သောဝန်ထမ်းသည်လုပ်သက် နှစ်၂၀ ကျော်လွန်လျှင်သော်လည်းကောင်း၊အသက်၅၀နှစ်ပြည့်ပြီးဖြစ်သောဝန်ထမ်းသည် လုပ်သက်၂၅နှစ်ကျော်လွန် လျှင်သော်လည်းကောင်း လျှော့ပေါ့ပင်စင် ခံစားခွင့်ရှိသည်။သို့ရာတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ဖော်ပြပါသတ်မှတ်ချက်များမပြည့်မီသော်လည်း လျှော့ပေါ့ပင်စင်ခွင့်ပြုနိုင်သည်။ (နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေများ - ၂၃၃ (ဆ))

ပင်စင်နှင့်လုပ်သက်ဆုငွေတွက်ချက်ပုံ
၆။ ၂၆-၃-၂၀၁၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၄၆ အရ အောက်ပါအတိုင်း ပြင်ဆင် တွက်ချက်ခွင့်ပြုခဲ့ပါသည်-
(က) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ် မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀%
(ခ) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့် လုပ်သက် (၅) နှစ်ပြည့်ပြီး ၁၀ နှစ် မပြည့်သည့်ကိစ္စ
လုပ်သက်ဆုငွေ = လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၅၀%
(ဂ) လုပ်သက် (၁၀) နှစ်နှင့် အထက်
ပင်စင်လစာ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅%
လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၅၀%
၇။ ကွယ်လွန်သူဝန်ထမ်းများအတွက် အောက်ဖော်ပြပါအတိုင်း တွက်ချက်ခွင့်ပြုပါသည်-

လုပ်သက်ဆုငွေ = နောက်ဆုံးထုတ်လစာ x ၁၂
( ဂ ) လုပ်သက်(၁၀)နှစ်နှင့်အထက်
ဇနီး/ခင်ပွန်း
ပင်စင် = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၃/၎

(သို့) များရာခွင့်ပြု နောက်ဆုံးထုတ်လစာ x ၁၂
ခံစားခွင့်ရှိသည့်ကာလ - နောက်အိမ်ထောင်ပြုသည့်နေ့ (သို့) ကွယ်လွန်သည့်နေ့ထိ ဇနီး/ခင်ပွန်း

(သို့) များရာခွင့်ပြု = နောက်ဆုံးထုတ်လစာ x ၁၂
ခံစားခွင့်ရှိသည့်ကာလ - နောက်အိမ်ထောင်ပြုသည့်နေ့ (သို့) ကွယ်လွန်သည့်နေ့ထိ
အခြားမိသားစုဝင်များ
ပင်စင် = နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် x ၁.၅% x ၁/၂

(သို့) များရာကိုခွင့်ပြု = နောက်ဆုံးထုတ်လစာ x ၁၂
ခံစားခွင့်ရှိသည့်ကာလ - ဝန်ထမ်းပင်စင် စတင်ခွင့်ပြုသည့်နေ့မှ ၁၅ နှစ်ထိ
၈။ ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းအတွက် ခွင့်ပြုသောဒဏ်ရာအနာတရပင်စင်၊ အထူးမိသားစုပင်စင်နှင့် ကလေးများပင်စင်သည် လုပ်သက်ကိုအခြေခံ၍တွက်ချက်ခွင့်ပြုခြင်းမဟုတ်ဘဲ
မြန်မာပြည်အထူးပင်စင် နည်းဥပဒေပါ သတ်မှတ်ခွင့်ပြုထားသည့် ဇယားပါနှုန်းထားများအတိုင်း ခွင့်ပြုရပါသည်။ ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းအတွက်ခွင့်ပြုသော ပင်စင်အကျိုးခံစားခွင့်များကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ် ၂၀၈/၂၀၁၂ ဖြင့် ပြင်ဆင်သတ်မှတ်ထားပါသည်။
လုပ်သက် ဆက်စပ်ခွင့်ပြုခြင်း
၉။ အရာထမ်းအမှုထမ်းများ၏ ပင်စင်အကျိုး ခံစားခွင့် အလိုငှာ ရာထူးစုအမျိုးအစား မတူသော် လည်း လုပ်သက် နှစ်ခုကို ပေါင်းစပ်ရေတွက်ရမည်။ ပင်စင်အကျိုးခံစားခွင့်ရှိသော ပြတ်တောက်နေသည့် ကာလများကို ဆက်စပ်ပေးပိုင်ခွင့်ရှိသူကခိုင်လုံသော အကြောင်းရှိပါက ပင်စင်အကျိုးငှာ ဆက်စပ်ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုရာတွင် ယခင်လုပ်သက်သည် အနည်းဆုံး တစ်နှစ်ရှိရမည်။
( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၃၆ )
ချို့တဲ့ကာလဖြည့်စွက်၍ ရေတွက်ခွင့်ပြုခြင်း
၁၀။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ - ၂၄၄ ၊ ၂၄၅
(က) ပင်စင်အကျိုးခံစားခွင့်ကို တွက်ချက်သည့်အခါ ယင်းအကျိုးခံစားခွင့် ရှိသည့် နှစ်ပြည့်သောလုပ်သက်ကိုသာ ရေတွက်ရပြီးလစွန်းရက်စွန်းများကို ပယ်ရမည်။ သို့ရာတွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင် နှင့်လျော်ကြေးပင်စင် ယူသည့်ကိစ္စများ၌ ဝန်ထမ်း၏ လုပ်သက်သည် ကျေနပ်ဖွယ်ရှိလျှင် ထိုလစွန်းရက်စွန်းများတွင် နှစ်ပြည့်ရန်လိုနေသည့် ကာလကို -
(၁) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးကခြောက်လအထိ ဖြည့်စွက်ခွင့်ပြုနိုင်သည်။
(၂) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအကြီးအမှူးက ၁၂လအထိဖြည့်စွက်ခွင့်ပြုနိုင်သည်။
(ခ) အောက်ပါကိစ္စများ၌ ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက်၏လစွန်းရက်စွန်းများ တွင် နှစ်ပြည့်ရန်လိုနေသည့် ကာလကို ဖြည့်စွက်ရေတွက်ခွင့် မပြုရ-
(၁) လုပ်သက်ဆုငွေခံစားခွင့်ရှိသည့်လုပ်သက်တွင် ငါးနှစ်ပြည့်ရန်လိုသည့်ကာလ
(၂) ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက်တွင် ၁၀ နှစ်ပြည့်ရန်လိုသည့်ကာလ
(၃) လုပ်သက်နှစ် ၂၀ ပြည့် လျှော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ
(၄) လုပ်သက် ၂၅ နှစ်ပြည့် လျှော့ပေါ့ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ
(၅) လုပ်သက် နှစ် ၃၀ ပြည့် နှစ်ပြည့်ပင်စင် ခံစားခွင့်အတွက် လိုသည့်ကာလ
မိသားစုပင်စင်ခံစားခွင့်အတွက် ဦးစားပေးအစီအစဉ်
၁၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေများ-၂၄၈ အရ မိသားစုပင်စင် ဦးစားပေးအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) (၁) ကွယ်လွန်သူ၏ကျန်ရစ်သူတရားဝင်ပထမဇနီး(သို့) တရားဝင်ခင်ပွန်း
(၂) တရားဝင်ဇနီး ( သို့မဟုတ် ) တရားဝင်ခင်ပွန်း မရှိခဲ့သော်အသက် (၁၈) နှစ် မရှိသေးသည့် အိမ်ထောင်မပြုရသေးသော တရားဝင် သားသမီး (သို့မဟုတ်) အသက် ( ၁၈ ) နှစ် ပြည့်ပြီး ဖြစ်သော်လည်း တက္ကသိုလ်ကောလိပ်ကျောင်း တစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြား လျက်ရှိသော အိမ်ထောင်မပြုရ သေးသည့် တရားဝင်သားသမီး၊
( ၃ ) အထက်ပါပုဂ္ဂိုလ်များ မရှိခဲ့သော် အိမ်ထောင်မပြုရသေးသည့် သမီး(သို့) မုဆိုးမဖြစ်နေသော သမီး၊
( ၄ ) အထက်ပါပုဂ္ဂိုလ်များ မရှိခဲ့သော် အိမ်ထောင် လည်း မပြုရသေးသည့်အပြင် အသက် ( ၁၈ ) နှစ် မပြည့်သေးသည့်အဖမဲ့မြေး (သို့မဟုတ်) အသက်( ၁၈ ) နှစ်ပြည့်ပြီး ဖြစ်သော်လည်း တက္ကသိုလ်ကောလိပ် ကျောင်းတစ်ခုခုတွင်အချိန်ပြည့် ပညာသင်ကြားလျက်ရှိသော အိမ်ထောင်မပြုရသေးသော အဖမဲ့မြေး။
(ခ) အထက်အပိုဒ်တွင် ဖော်ပြသည့်အတိုင်း မိသားစုပင်စင်ကို ခံစားမည့်သူမရှိခဲ့သော် အောက်ပါပုဂ္ဂိုလ်များကိုခံစားခွင့်ပြုနိုင်သည်။ သို့ရာတွင် ကွယ်လွန်သူဝန်ထမ်းနှင့်အတူမှီခိုနေထိုင်ခဲ့ရသူဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားကို တင်ပြမှသာ ခံစားခွင့် ပြုရမည်- (၁) အမိအဖအရင်း၊
(၂) အမိအဖ မရှိပါက ဝန်ထမ်း၏ အသက် ( ၁၈ ) နှစ် မပြည့်သေးသည့် ညီ (သို့မဟုတ်) ညီမ (သို့မဟုတ်) အသက် ( ၁၈ ) နှစ် ပြည့်ပြီးဖြစ် သော်လည်း တက္ကသိုလ် ကောလိပ် ကျောင်းတစ်ခုခုတွင် အချိန်ပြည့် ပညာသင်ကြားလျက်ရှိသည့် ညီ (သို့မဟုတ်)ညီမ။
(၃) နည်းဥပဒေခွဲငယ် (၂)ပါပုဂ္ဂိုလ်များမရှိပါကဝန်ထမ်း၏ အိမ်ထောင် မပြုသေးသည့် ညီမ (သို့မဟုတ်) အစ်မ (သို့မဟုတ်) မုဆိုးမ ဖြစ်နေ သည့် ညီမ (သို့မဟုတ်) အစ်မ။
(၄) နည်းဥပဒေခွဲငယ်(၃) ပါ ပုဂ္ဂိုလ်များ မရှိပါက ဝန်ထမ်း၏ အခြား သောညီ(သို့မဟုတ်)အစ်ကို(သို့မဟုတ်)ညီမ (သို့မဟုတ်) အစ်မ။
၁၂။ မိသားစုပင်စင်ကို အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် ဆက်လက် ခံစားခွင့် မရှိစေရ-
(က) ကျန်ရစ်သူတရားဝင်ခင်ပွန်း (သို့်) ဇနီးသည် နောက် အိမ်ထောင်ပြုခြင်း၊
( ခ ) ဝန်ထမ်း၏မိသားစုဝင် အိမ်ထောင်မပြုရသေးသည့် အမျိုးသားအမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုခြင်း၊
( ဂ ) ဝန်ထမ်း၏ မိသားစုဝင် မဟုတ်သူ။
(နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉)
တစ်လုံးတည်းပင်စင်လဲလှယ်ခြင်း
၁၃။ အငြိမ်းစား၏ပင်စင်လစာမှ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊တစ်လုံးတစ်ခဲ တည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်ပါသည်။ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းကို မြန်မာနိုင်ငံ မြို့ပြဆိုင်ရာ တစ်လုံးတည်းပင်စင်လဲလှယ်ရေး နည်းဥပဒေအရ လဲလှယ်ခြင်းကို ခွင့်ပြုပါသည်။( နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၂၄၂)
အောက်ပါစည်းကမ်းချက်များနှင့်အညီ လဲလှယ်ခွင့်ပြုပါသည်-
(က) ပင်စင်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခံတည်းပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်သည်။
( ခ) အထူးနှစ်ပြည့်ပင်စင်ဖြင့်အငြိမ်းစားယူထားသူဝန်ထမ်းများသည် ပင်စင်ယူသည့်နေ့မှ(၁၀)နှစ် အတွင်း တစ်လုံးတည်းပင်စင် လဲလှယ်ခွင့်မရှိပါ။

၁၂။
ပင်စင် နည်းဥပဒေသစ် ၅(၅)(က)အရ မိသားစုပင်စင် ဦးစားပေး အစီအစဉ်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
၅(၅)(က)
(၁) ကွယ်လွန်သူ၏ ဇနီး / ခင်ပွန်း
၅(၅)(က)
(၁) ကွယ်လွန်သူ၏ ဇနီး / ခင်ပွန်း
(၂)
အသက်(၁၈)နှစ် မပြည့်သေးသည့် အိမ်ထောင် မပြုရသေးသော သား/သမီး (သို့မဟုတ်)
အသက် (၁၈)နှစ်ပြည့်ပြီး သော်လည်း တက္ကသိုလ်/ ကောလိပ် တစ်ခုခုတွင် အချိန်ပြည့် ပညာ
သင်ကြားနေသော သား/ သမီး
(၃)
အိမ်ထောင် မပြုရသေးသည့် သမီး (သို့မဟုတ်) မုဆိုးမ ဖြစ်နေသော သမီး
(၄)
အသက် (၁၈)နှစ် မပြည့်သေးသည့် အိမ်ထောင် မပြုရသေးသော အဖမဲ့ မြေး (သို့မဟုတ်) အသက်
(၁၈)နှစ်ပြည့်ပြီး သော်လည်း တက္ကသိုလ်/ ကောလိပ် တစ်ခုခု တွင် အချိန်ပြည့် ပညာ
သင်ကြား လျှက်ရှိသော အိမ်ထောင် မပြုရသေးသည့် အဖမဲ့ မြေး
၁၃။
ပင်စင် နည်းဥပဒေသစ် ၅(၅)(က)တွင်ဖော်ပြခဲ့သည့် မိသားစုပင်စင်ကို ခံစားမည့်သူ
မရှိခဲ့သော် ပင်စင် နည်းဥပဒေသစ် ၅(၅)(ခ)အရ အောက်ပါ ပုဂ္ဂိုလ်များအား ခံစားခွင့်
ပြုနိုင်ပါသည်-
၅(၅)(ခ)
(၁) အမိ / အဖ
၅(၅)(ခ)
(၁) အမိ / အဖ
(၂)
အသက် (၁၈)နှစ် မပြည့်သေးသည့် ညီ (သို့မဟုတ်) ညီမ (သို့မဟုတ်) အသက်
(၁၈)နှစ်ပြည့်ပြီးသော်လည်း တက္ကသိုလ်/ ကောလိပ် တစ်ခုခုတွင် အချိန်ပြည့် ပညာ သင်ကြား
လျှက်ရှိသော အိမ်ထောင် မပြုရသေးသည့် ညီ (သို့မဟုတ်) ညီမ
(၃)
အိမ်ထောင်မပြုရသေးသည့် ညီမ (သို့မဟုတ်) အစ်မ (သို့မဟုတ်) မုဆိုးမ ဖြစ်နေသည့် ညီမ
(သို့မဟုတ်) အစ်မ
(၄)
ဝန်ထမ်း၏ အခြားသော ညီ (သို့မဟုတ်) အစ်ကို (သို့မဟုတ်) ညီမ (သို့မဟုတ်) အစ်မ
တစ်လုံးတည်းပင်စင်လဲလှယ်ခြင်း
၁၄။ အငြိမ်းစား၏ ပင်စင်လစာမှ တစ်စိတ် တစ်ဒေသ ကိုဖြစ်စေ၊ အားလုံး ကိုဖြစ်စေ၊ တစ်လုံး တစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ် ခွင့်ပြုနိုင်ပါသည်။ တစ်လုံးတည်း ပင်စင် လဲလှယ်ခြင်းကို မြန်မာနိုင်ငံ မြို့ပြဆိုင်ရာ တစ်လုံးတည်း ပင်စင် လဲလှယ်ရေး နည်းဥပဒေအရ လဲလှယ်ခြင်းကို ခွင့်ပြုပါသည်။ အောက်ပါ စည်းကမ်းချက်များ နှင့်အညီ လဲလှယ် ခွင့်ပြုပါသည်-
(က) အများဆုံး လဲလှယ်ခွင့်ပြုသည့် ပင်စင် လစာငွေမှာ အငြိမ်းစား ရရှိသည့် ပင်စင် လစာ၏ ၅၀% လဲလှယ် ခွင့်ပြုနိုင်ပါသည်။ သို့ရာတွင် ကျပ် ၅၀/- ထက် မပိုစေရပါ။

(ခ)
ပင်စင် လစာ၏ ၅၀% သည် ကျပ် ၂၅/- ထက် လျော့နည်းပါက ကျပ် ၂၅/- ထိ လဲလှယ်ခွင့်
ပြုနိုင်ပါသည်။
(ဂ)
အထူး နှစ်ပြည့် ပင်စင်ဖြင့် အငြိမ်းစား ယူထားသူ ဝန်ထမ်းများသည် ပင်စင်ယူသည့်နေ့မှ
(၁၀)နှစ် အတွင်း တစ်လုံးတည်း ပင်စင် လဲလှယ်ခွင့် မရှိပါ။
(ဃ)
နာမကျန်း ပင်စင်ကို ဆေးလက်မှတ် အဆင့် (B) ဖြင့် ရရှိ သူများသည်လည်း ပင်စင်ယူသည့်
နေ့မှ (၁၀) နှစ် အတွင်း တစ်လုံးတည်း ပင်စင် လဲလှယ်ခွင့် မရှိပါ။
(င)
ဂရုဏာကြေး စရိတ် ရရှိသူအား သာမန်အားဖြင့် တစ်လုံးတည်း ပင်စင် လဲလှယ်ခွင့် မပြုပါ။
ပင်စင်စား အတွက် အလွန်အမင်း နစ်နာစေသော ကိစ္စများတွင်သာ အထူး ကိစ္စ အနေဖြင့်
တစ်လုံးတည်း ပင်စင် လဲလှယ်ခြင်းကို ခွင့်ပြုပါသည်။
(စ)
တစ်လုံးတည်း ပင်စင် အဖြစ် လဲလှယ်ငွေကို လစဉ် ထုတ်ယူနေသော ပင်စင် လစာမှ ရပ်စဲ
ရပါမည်။
(ဆ)
ပင်စင်စား အသက် (၈၀ )ကျော်ပါက တစ်လုံးတည်း ပင်စင် လဲလှယ်ခွင့် မပြုပါ။
ဂရုဏာကြေးစရိတ်
၁၅။ အကျင့် စာရိတ္တ ပျက်ပြားခြင်းကြောင့် လည်းကောင်း၊ လုပ်ငန်းတွင် အရည်အချင်း မပြည့်ဝမှုကြောင့် လည်းကောင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခြင်းခံရသော ဝန်ထမ်းအား သက်ညှာစွာ စဉ်စားပြီးလျှင် ယင်းဝန်ထမ်းသည် အကယ်၍ ရာထူးမှ ထုတ်ပယ် ခံရသည့် နေ့တွင် နာမကျန်း ပင်စင်ယူမည် ဆိုပါက ရရှိနိုင်မည့် ပင်စင်နှင့် အငြိမ်းစား ယူမှု ဆုငွေ၏ သုံးပုံ နှစ်ပုံ (၂ / ၃) ထက်မပိုသော ငွေကို ခံစားခွင့် ပြုနိုင်ပါသည်။ ထိုသို့ ဂရုဏာကြး စရိတ် ခွင့်ပြုရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန မှတဆင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ သဘော တူညီချက် ရယူရပါမည်။ ဂရုဏာကြေး စရိတ် ရရှိသူ ကွယ်လွန်ပါက မိသားစု ပင်စင် ခံစားခွင့် မရနိုင်ပါ။ သာမန်အားဖြင့် လစဉ် ပင်စင်ကို ပင်စင် နည်းဥပဒေသစ် အပိုဒ် ၂ (၂)အရ လုပ်သက် (၁၀)နှစ်ပြည့် မှသာ ခံစားခွင့် ရှိသဖြင့် လုပ်သက် (၁၀)နှစ် မပြည့် ပါက ဂရုဏာကြေး စရိတ် လျှောက်ထား နိုင်ခွင့် မရှိပါ။ [CSR-353 နှင့် ပင်စင် နည်းဥပဒေသစ် အပိုဒ် ၈(၂)]

ပင်စင်စားအား
နိုင်ငံတော်မှ ပေးအပ်ထားသော အခွင့်အရေးများ
၁၆။ ပင်စင်စားအနေဖြင့် အောက်ပါအခွင့်အရေးများကို ခံစားခွင့်ရှိပါသည်-
(က) ပင်စင်စား တစ်ဦး၌ တင်ရှိနေသော ကြွေးမြီးများ အတွက် ပင်စင် လစာကို တရားရုံးမှ သိမ်းဆည်း ခြင်း၊ ဝရမ်း ကပ်ခြင်း မပြုရ။ [မြို့ပြ ဝန်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ် - ၉၄၃ (၅)]

ပင်စင်စား တစ်ဦးအား ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း အရ အရေးယူ အပြစ်ပေးခြင်း
မပြုရ။ [မြန်မာပြည် ထပ်ဆင့်ထုတ် မြို့ပြ ဝန်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ် -၂၀၉]
(ဂ)
ပင်စင် လစာကို ပင်စင်စား နှစ်သက်ရာ ဒေသတွင် ထုတ်ယူခွင့် ရှိသည်။ [မြို့ပြ ဝန်ထမ်း
စည်းမျဉ်း ဥပဒေ အပိုဒ် - ၉၃၃]
(ဃ)
တစ်နှစ်ထက် ကျော်လွန်ပြီး ပင်စင် ထုတ်ယူခြင်း မပြုပါက ပင်စင် လစာကို ဆက်လက်
ထုတ်ပေးခြင်း မပြုရပါ။ ပင်စင်စားမှ ရပ်ဆိုင်း ထားခဲ့သည့် ပင်စင် လစာကို တောင်းခံ
လာပါက ပင်စင် ဦးစီးဌာန အနေဖြင့် ပင်စင် ခွင့်ပြုခဲ့သူ အာဏာပိုင်ထံ အမိန့်သစ်တစ်ရပ်
တောင်းခံပြီး သီးခြား အမိန့်စာဖြင့် ငွေပေး မိန့်ထုတ်ပေး ရပါမည်။ [မြို့ပြ ၀န်ထမ်း
စည်းမျဉ်း ဥပဒေ အပိုဒ် - ၉၅၆ နှင့် ၉၅၇]
(င)
ပင်စင်စား ကွယ်လွန် သဖြင့် မထုတ်ယူ နိုင်ခဲ့သော ပင်စင် လစာ ကျန်များကို ပင်စင်စား၏
တရားဝင် အမွေစား အမွေခံများအား ထုတ်ပေး နိုင်သည်။ [မြို့ပြ ဝန်ထမ်း စည်းမျဉ်း ဥပဒေ
အပိုဒ်- ၉၅၉ နှင့် ၉၆၀]
(စ)
ပင်စင်စား တစ်ဦးသည် ကြီးလေးသော ပြစ်မှု တစ်ရပ်ရပ်ကြောင့် တရားရုံး၏ ပြစ်ဒဏ်
ချမှတ်ခြင်း ကို ခံရလျှင် ဖြစ်စေ၊ ဆိုးရွားသော မလျော်ကန်သည့် အပြု အမူ
တစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဖြစ်စေ ယင်း၏ ပင်စင် လစာကို ရပ်ဆိုင်း ထားရ ပါမည်။
[မြို့ပြ ဝန်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ် - ၃၅၁]
(ဆ)
ပင်စင် စားသည် ပြစ်ဒဏ် ကျခံခြင်းမှ လွတ်မြောက် လာပါက ရပ်ဆိုင်း ထားသော ပင်စင်
လစာကို ပြန်လည် တောင်းခံ နိုင်ပါသည်။ [မြန်မာပြည် ထပ်ဆင့် ထုတ် မြို့ပြ
ဝန်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ် - ၄၃]
ပင်စင်လစာအဆင့်ဆင့်တိုးမြှင့်လာခြင်း
၁၇။ အငြိမ်းစားများ ရရှိသည့် ပင်စင် လစာငွေကို အောက်ပါ အတိုင်း အဆင့်ဆင့် တိုးမြှင့် ခွင့်ပြု ပေးခဲ့ပါသည်-
(က) ၁-၄-၁၉၈၉ နေ့မှ စ၍ ပင်စင် လစာ ပေါ်တွင် ထပ်ဆောင်း ခွင့်ပြုသည့် ယာယီ ဆောင်းငွေနှင့် အပို ထောက်ပံ့ကြး တို့ကို ပေါင်း၍ ပင်စင် လစာအဖြစ် သတ်မှတ် ခွင့်ပြု ပါသည်။

၁-၄-၁၉၉၃ နေ့ မှစ၍ အငြိမ်းစားများ ထုတ်ယူ လျှက်ရှိသော ပင်စင် လစာ၏ ၂၅% တိုးမြှင့်
ခွင့်ပြု ခဲ့ပါသည်။
(ဂ)
၁-၁၀-၁၉၉၄ နေ့ မှစ၍ မိသားစု ပင်စင် ခံစားလျှက် ရှိသော ဇနီး / ခင်ပွန်း တို့အတွက်
ပင်စင် လစာ ကို အငြိမ်းစား ရရှိခဲ့သော ပင်စင် လစာ ၁/၂ နှုန်း မှ ၃/၎
နှုန်းသို့ တိုးမြှင့် ခွင့်ပြု ခဲ့ပါသည်။
(ဃ)
၁-၄-၂၀၀၀ ပြည့်နှစ် မှစ၍ အငြိမ်းစားများ ထုတ်ယူ လျှက်ရှိသော ပင်စင် လစာ၏ (၂)
ဆနှုန်း တိုးမြှင့် ခွင့်ပြု ခဲ့ပါသည်။
(င)
၁-၇-၂၀၁၁ နေ့ မှစ၍ အငြိမ်စားများ၏ ပင်စင် လစာကို (၁-၁-၂၀၁၀) နေ့တွင် စတင် ခွင့်ပြုသော
ဝန်ထမ်း လစာနှုန်းဖြင့် ပြင်ဆင် တွက်ချက်၍ တိုးမြှင့် ခွင့်ပြု ခဲ့ပါ သည်။
ကျေးဇူးပါခင်ဗျာ
ReplyDeleteကျေးဇူးအထူးတင်ရှိပါသည်
ReplyDeleteနာမကျန်းပင်စင်မှာ ယခင်က ပင်စင်ရောင်းခဲ့တဲ့ဟာ ဘယ်အချိန် သက်တမ်းဘယ်လောက်ထိ သတ်မှတ်ပါသလဲ
ReplyDeleteကျေးဇူးပါ
ReplyDelete